Monday, February 7, 2011

ကြွေလွင့်သွားတဲ့ပန်းကလေး

အိမ်ကိုပြန်မရောက်ဖြစ်တာ ၁၀နှစ်တင်းတင်းရှိခဲ့လေပြီ။ ချစ်သောအမိမြေ မြန်မာပြည်၏ သာယာ လှပမှုအေးချမ်းလှတဲ့ တောရွာအလေ့အထလေး ဓလေ့လေးတွေကို မြတ်မြတ်နိုးနိုးရှိခဲ့သည်မှာ မြန်မာပြည် ပွားတိုင်း ပြည်သူအများစိတ်ထဲဝယ် ကိန်းဝပ်နေ မည်မှာ ယုံကြည်မိပါသည်။ မိသားစု၏ နွေးထွေးသော အထိအတွေ့လေးတွေကိုလည်း လွမ်းမောခဲ့ရသလို ကိုယ့်လိုဘ၀တူများ လည်း လွမ်းမောနေမိလိမ့်မည်ဟု တပ်အပ်တွေးတောမိပြန်ပါသည်။ အမိမြေကို ခြေချလိုက်သည်နှင့် မွေးရပ်မြေမှာ မြစ်သံလွင်လေး အသွင်သွင်စီးဆင်းနေမှု အောက်ဝယ်လေညင်းလေးတချက် တိုးဝှေ့ လာသည့်အလား ရင်ထဲတွင်အေးမျှ ကြည်လင်လှပေသည်။ ထိုကြည်လင်အေးမျှမှုကို ကိုယ်နှင့်အတူ အဖော်လိုက်လည်သော ကိုယ်မိတ်ဆွေလည်း ခံစားရလိမ့်မည်ဟုယုံကြည်ပါသည်။သို့သော်….. "ဗိုလ်မှူး..ဗိုလ်မှူး ကောင်မလေးအိမ်က ဒီမှာ..ဗိုလ်မှူး ဗိုလ်မှူး ဒီမှာတွေ့ပြီ တွေ့ပြီ"
ကိုယ်အိမ်မတ်လေသည်လား။ အပြင်မှအမှန်တကယ်ဖြစ်လေသည်လားမတွေးတက်။ ကိုယ်တွေး ရင်းထွက်ပေါက်ရှာနေမိသည်။ အရာရာကိုကိုယ်မှလွဲ၍ မည်သူမှသိမည်မဟုတ်။ ကိုယ့်လို ၁၀နှစ်နီပါးမျှ မြန်မာပြည်နှင့်ကွေးကွင်းခဲ့ပြီး စစ်အစိုးရများ၏ ဆန့်ကျင်သူများနှင့် ပူးပေါင်းကာ လက်နက်ကိုင် တော်လှန်ရေးတပ်သားများထဲသို့ ကျင်လည်ခဲ့ပြီးမှ ညီအကိုမောင်နှမများကို တမ်းတသတိရစိတ်ဖြင့် အရဲစွန့်ကာ အိမ်ပြန်ခဲ့ သူပုန်မ တယောက်အနေဖြင့် ရုတ်တရက်ဆိုလျှင် ထွက်ပေါက်ရှာမိသည်ဆိုလျှင် အမှားဟုမဆိုနိုင်။ သို့သော် ကိုယ်တိတ်ဆိတ်စွာဖြင့်နားစွင့်မိခဲ့သည်။ နာရီကိုငုံ့ကြည့်လိုက်မိတော့ နံနက် (၁)နာရီတောင်ထိုးလုပြီ။ ဧကန်န အသားထဲမှလောက်ထွက်ပြီဟု ကိုယ်တွေးတောနေမိသည်။ မိနစ်အနည်း ငယ်လောက်ကြာသော် အိမ်းနီချင်းမှ ရှိုက်ငိုသံများ အငြင်းပွား သံများကို ကိုယ်သေချာစွာကြားလိုက်မိသည်။
" ဒါမိန်းကလေး တစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့် ရှိတယ်"
" ဟုတ်တယ် ကောင်မလေးမှာအပြစ်မရှိဘူး. အဲ့ဒီရဲဘော်က သူ့ကိုအတင်းလိုက် ဆွဲတာ"
"ဘာ! အပြစ်မရှိဘူးဟုတ်လား။ ခြောက်လက်မဓါးနဲ့ထိုးပြီး ဟင်းရွက် ကန်စွန်း ရွက်လိုလမ်း ဘေးမှာ ပြစ်ထားခံရတာ ကျုပ်ရဲဘော်အတွက်ကျုပ်ငြိမ်နေရမှာလား။ ဟိတ်ကောင်တွေ ဘာလုပ်နေကြ တာလဲ ကောင်မလေးကိုဖမ်းချုပ်လိုက်"
အဖြစ်အပြတ်များအားလုံးက မြန်ဆန်လွန်းပေသည်။ ရပ်ရွာဥက္ကဌနှင့် ရဲဘော်တစ်အုပ် ကြားမှာ ကောင်မလေးတစ်ယောက် လက်ထိပ်နှင့်ပါသွားသည်ကိုအာရုဏ်ဖြင့်သိလိုက်ရပြီး မကြေမနပ် ဖြင့်ဆဲဆို သံများ ကြိမ်းမောင်းသံများနှင့်အတူ ယင်းတို့နောက်မှ ခွေးတအုပ် မကြေမနပ်ဖြင့် လိုက်လံထိုးခိုက်သံများဖြင့် မျှောပါသွားလေသည်။ ၎င်းခွေးဟောင်သံများ စစ်ဖိနပ်သံများ တဖြေးဖြေးဖြင့်ဝေးကွာသွားမှဖြင့် ကိုယ် "ဟင်း"နက် သက်ပြင်း ဖြေးဖြေးလေးချနိုင်တော့သည်။ သို့သော် “ဟင်း” မချနိုင်သေးသူများ ရှိနေသေးသည်
"နေကြဦးပေါ့ကွာ မနက်တော့တွေ့ဦးမယ်။ ငစိုးညီမပြန်ရောက်နေပြီ။ ဒီကိစ္စ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ငါသွားမေးဦးမယ်။ ငစိုးညီမက ဟိုမှာဥပဒေဘာသာရပ် တွေဘာတွေ တော်တော်လေ့လာ ထားတယ်ကြားတယ်"
"ကျမလည်းလုံးဝမကြေနပ်ဘူး။ ကောင်မလေးမှာ ဘာမှအပြစ်ရှိတာမှမဟုတ်ဘဲ။ ဟိုရဲဘော်က အတင်းလိုက်ဆွဲလို့တာ မဆွဲရင်ဘာမှဖြစ်စရာအကြောင်းမရှိဘူး။ ပြီးခဲ့တဲ့လ ကလည်း အဲ့ဒီကောင်ပေါ့ တောင်ပိုင်းက အဖွားအိုတစ်ယောက်ကို မုဒိမ်းကျင့် လိုက်တယ်လေ။ ငွေ(၅၀၀၀)ကျပ်နဲ့ ကျေအေးပေး လိုက်ရတယ်။ ဒီကောင်တွေလုံးဝမတရားဘူး"
ထိုမေတ္တာပို့သံများနှင့်အတူ ရွာဦးကျောင်းမှ အုန်းမောင်းတီးသံများမှာ ဖားဆောင်းမြိုးလေး၏ မနက်ခင်း အာရုဏ်အတက်ကို ကြိုဆိုနေပေသည်။ နှဖူးပေါ်လက်တင်ရင်း…..
ကိုယ်အတွေးရကြပ်ရပြန်ပါပြီ။ငစိုး မိမိ၏အကို ကိုပင်ပြောဆိုခြင်းဖြစ်သည် သို့ဖြစ်ပါ၍ ငစိုး ဟုဆိုရလျင်။ ယင်းကိစ္စ ကိုယ်ဘယ်လိုကူညီဖြေရှင်းပေးရမည်နည်း။ မြန်မာပြည်သို့ ဦးဆုံးခြေချလိုက် သည့်နေ့ဝယ် အကုသိုလ်ဆိုက်သည်ဟုသာ ကံကိုသာပုံချလိုက်မိပေသည်။
ဖားဆောင်းမြို့ဟုသာ သမုတ်ပေမဲ့လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်နှေးသော နေရာလေးဖြစ်၍ ရပ်ဓလေ့ရွာဓလေ့လေးများက မပြောက်နိုင်ခဲ့။ ဘုရားပွဲများ ရပ်ပွဲရွာပွဲများရှိလျှင် ဘာသာမခွဲ သွားလာ လှုပ်ရှားနေသူများမှာ ဖားဆောင်းမြို့ရပ်ကွပ်အသီးသီးနေ သူအများပင်တည်း။
မနက်ရောင်နီပျိုးသည်နှင့် ညအဖြစ်အပျက်များကို သိလိုသိငြား အမေ့ကိုကိုယ်တီး ခေါက်ကြည့်မိ သည်။ သို့သော်ဘာမှမထူး။
" အမေ..အနေ့ကအမေပွဲသွားတာ ပွဲခင်းထဲမှာ စစ်သားတွေရန်ဖြစ်တယ်ဆို"
"အမေ..မသိပါဘူးသမီးရယ်။ ဘာမှမကြားရဘူးဘဲ"
ယင်းအဖြေကြောင်း ကိုယ်နှင့်အတူ ပါလာသောသူငယ်ချင်းမှာ ဂရုဏာသောသောဖြစ်ကာ
ကိုယ်တို့၏စကားဝိုင်းလေးထဲ ၀င်ပါလာရပါတော့သည်။
" အဲ့ဒါကြောင့် အမေ့ကိုပြောတာပေါ့။ အသက်ကလည်းကြီးပြီ။ နားကလည်း မကောင်းနဲ့ ညကြီးမိုးချုပ် မသွားပါနဲ့ဆို အမေကမှမနေတာ။ ကိုယ့်သမီးလေး အိမ်ပြန်လာတဲ့ညမှာကိုဘဲ အမေကပွဲသွား သေးတယ်"
ယင်းအချိန်တွင် မနက်စောစော အကိုပေါက်ချလာလေတော့သည်
"အမေ့ကပြောလဲပြောချင်စရာဘဲ၊ မနေ့က အမေတို့သွားလည်တဲ့ ပွဲခင်းထဲမှာ အီမိုးသူငယ်ချင်း မိစုတယောက် စစ်သားနဲ့ဆွဲလားရမ်းလားဖြစ်လို့ အီမိုးလက်ထဲက ပန်းသီးခွာစားတဲ့ ဓါးနဲ့အဲ့ဒီစစ်သားကို ထိုးထည့်လိုက်တာ တော်တော်အီသွာတယ်ပြော သံကြားတယ်.. ပြီးတော့အမေကလည်း ညီမသူငယ်ချင်း ပြောတာလဲဟုတ်သား ညီမလေးကမနေ့ကမှအိမ်ပြန်ရောက်တာ အမေကပွဲသွားကြည့်တော့ ညိမလေးခမြာ မိသားစုကိုတွေ့လို့ ၁၀နှစ်လုံးဘယ်မှာအလွမ်းပြေမတုန်း အမေရ"
“အင်းပါ သားရယ်နောက်အမေ မသွားတော့ဘူး”
" အကို အခုဘယ်ဘပြန်လာတာလဲ"
" မြို့ထဲတောင်ရောက်ခဲ့ပြီးပြီ.. အကိုတောင်စိတ်ပူနေတာ. ညကဟိုကောင်တွေ မဟုတ်တရမ်းသွား ပြောလို့ ညီမတို့ကို လာစစ်တာလို့ ထင်နေတာ ညကတည်းကညီမဆီလာမလို့ သမီးငယ်လေးက တအီအီဖြစ်နေတာနဲ့မလာဖြစ်ဘူး။. ခုမဘဲစိတ်အေးသွားရ တော့တယ်"
"အကိုပြောတဲ့ ဟိုကောင်တွေဆိုတာက"
" သြော်.. အကို့မိန်းမဘက်က အမျိုးတွေပါ. ဒီကောင်တွေက နည်းနည်းမှ အကျင့် ကောင်းတာ မဟုတ်ဘူး"
ကိုယ် သက်ပြင်းကလေး ဖြေးဖြေးလေးချမိပါသည်။ ကိုယ့်အကြောင်းကို အမေသာမသိတာ အခြားသူစိမ်း တွေက တော်တော်လေးကို သိထားသည်မဟုတ်ပါလား။
"ထားပါတော့အကိုရယ်.. ညကကိစ္စမြို့ထဲသွားကြည့်တာ ဘာထူးလဲ"
" ညီမလေးတော်တော်ကံကောင်းတယ်.. ညကအီမိုးတို့လာခေါ်တာ ညီမလိုက် မသွားလို့ ..လိုက် သွားရင် အမှုတွဲထဲမှာ ပါသွားဦးမယ်။ ဒီကောင်တွေကွာ စစ်သားတွေဖြစ် ပြီးတော့တော် တော်ရမ်းတာဘဲ၊ မိစုကို အဲ့ဒီကောင်ကကြိုက်နေတာတဲ့ အဲ့ဒါရည်းစားစကား လိုက်ပြောတာ ကောင်းကောင်း မပြောဘူးလေ၊ ကောင်မလေးကို ဟိုဆွဲဒီဆွဲလုပ်တော့ အစကကောင်မလေးကလည်း မလုပ်နဲ့ပေါ့၊ တခေါက် နှစ်ခေါက် တွန်းထုတ်ပြစ်တယ်၊ နောက် ဆုံးတော့လည်း မခံနိုင်တာနဲ့ ဆွဲမိဆွဲရာလုပ်မိတာပေါ့၊
" အင်း.. ကောင်လေးက တော်တော်ထိသွားလားအကို"
"ပြောတာဘဲ.ဘယ်လိုဆေးရုံရောက်သွားလည်းလို့တော့မသိပါဘူးကွာ.ညီမလေး ဟိုမှာကြည့်စမ်း"
အကိုညွန်ပြရာသို့ ကိုယ်ကြည့်လိုက်မိပါသည်။ ညတုန်းက အခင်းဖြစ်ပွားသည့်အိမ်.. စစ် သားတခုနှင့် ရပ်ရွာဥက္ကဌတို့ဘာတွေမှန်းမသိ ကောင်မလေး၏ ယောက်ဖ၊အမတို့နှင့် အငြင်းပွား နေကြသည်။ ထို့နောက်မိမိတို့ ရှိရာသို့လက်ညိုးညွန်ရာ စစ်သားတခုနှင့်အတူ ဥက္ကဌနှင့် တကွကောင်မလေး၏ ယောက်ဖ (ကောင်မလေး၏ယောက်ဖသည် တချိန်ကအကိုယူထား ခဲ့ဖူးသော မိန်းမ၏အကိုပင်ဖြစ်ပေသည်) တို့သည်မိမိတို့စကားပြောရာ မီးပုံနားတို့ရောက် လာပါသည်။ ကိုယ်နှင့်အတူပါလာသော ကိုယ် သူငယ်ချင်းမှ ကိုယ့်ကို လက်ခိုးတို့၍ ရှောင် နေရန်ပြောသော်လည်း ကိုယ်ဟန်မပြတ် ရပ်နေမိပါသည်။ ၎င်းတို့ထဲမှာဆရာဖြစ်ဟန်တူ သောစစ်သားတစ်ဦးမှ မိမိတို့ကို
"အမိတို့ ဘယ်ကလာကြသလဲ.မှတ်ပုံတင်လေးတချက်လောက်"
"ဒါကျမရဲ့မှတ်ပုံတင်နဲ့ကျောင်းသားကဒ်. ဒါကကျမရဲ့မိဆွေ အင်းထဲကနေလာ တာ. ဥက္ကဌကို မေးကြည့်လိုက်"ဟု တွန်းပို့လိုက်မိသည်။
" ဟုတ်ပါတယ်ဗျာ. သူတို့ကျတော့်ဆီမှာဧည့်စာရင်းတိုင်ထားပါတယ်"
"အေးပေါ့ဗျာ ကျတော်တို့က တာဝန်အရမေးရတာပါ. မှတ်ပုံတင်အရဆိုရင် အမိက ဒီကလူဘဲ. ဒါပေမဲ့မတွေ့တာကြာလို့ ဘယ်ကနေပြန်လာတာလည်း. ပြီးတော့မှတ်ပုံတင်အရ လဲရမှာလဲ နှစ်တွေအရမ်း ကျော်နေပြီကော"
"မတွေ့တာကြာရအောင် ရှင်တို့က ဒီမှာတာဝန်ကျတာဘယ်လောက်ကြာပြီ လည်း" လို့ကိုယ်အရဲ စွန့်ပြီးမေးလိုက်မိပါသည်။
ထိုအခါ ဥက္ကမှ “ဟုတ်သားဘဲ ဗိုလ်ကြီးရာ” ပြောဆိုပြီး
"ကဲပါဗျာ ကျတော်တို့လည်း ကိစ္စရှိသေးလို့ နော်မှလာခဲ့ဦးမယ်" ဟုပြောပြီး ထွက် သွားကြရာ ကိုယ်မဲ့ပြုံးလေးတချက်တော့ ပြုံးလိုက်မိသည်ဟု ထင်ပါသည်။
" ကဲ.. ကိုထော်ကြီး ခင်ဗျားကောလိုက်မသွားဘူးလား"
ကိုထော်ကြီးဆိုသူသည် ကောင်မလေး၏ယောက်ဖပင်ဖြစ်ပေသည်။
"ဟာဗျာ ပေါက်ပေါက်ရှာရှာ ကိုစိုးကလည်း၊ ကျတော်က ခင်ဗျာညီမအကြောင်း ဘာမှမပြောဘူး နော်၊ ကျတော်ကမသိဘူးလို့ပြောလို့ သူတို့ဘာသာသူတို့လာကြတာ"
"ကျတော်ကဘာပြောနေလို့လဲဗျာ၊ ဒါနဲ့ညက ကိုထော်ကြီးညီမ ကိစ္စဘာထူးသေး လဲ"
"ညီမလေးကတော့ အခုအချုပ်ထဲမှာဗျ၊ ကောင်လေးကတော့ လှိုင်ကော်ဆေးရုံကြီး ကိုညတွင်းကြီး ပို့လိုက်ရတယ်ဆိုလားဘဲ၊ အင်း…ဟိုအခြောက်မ မိနွယ်ကကောင်လေးကို စခန်း အထိပြန်လိုက်ပို့ တယ်ဆိုဘဲ၊ မိနွယ်လည်း ဘာလိုလိုနဲ့ သက်သေဖြစ်ရတော့မှာ ဒီနေ့ရဲစခန်းကို သွားရဦးမယ်ဗျာ. ကဲဗျာခင်များတို့ ညီအကိုတွေကို အနှောက်ယှက် ပေးသလိုဖြစ်နေပြီ၊ သွားဦးမယ်ဗျာ"
"ကဲအကိုလဲလုပ်စရာရှိတာလုပ် ခနနေညီမတို့လည်း မြို့ထဲဝင်ပြီးမှတ်ပုံတင် ကိစ္စလေး ဘာလေး စုံစမ်းကြည့်ဦးမယ်.အကိုလည်းလိုက်ခဲ့ပေါ့" ပြီးကိုယ်တို့တတွေ တနေ့တာကိုယ်စီအလုပ်များကို လုပ်ကြ ပေသည်။ ကျမတို့မနက်စာကို လက်ဘက်ရည်ဆိုင် ၀င်သောက်ရင်း မှတ်ပုံတင်ရုံးမှ ဆရာတယောက်ကို စောင့်နေမိသည်။ တအောင့် နေမှတ်ပုံတင်ရုံးမှ ဆရာရောက်လာသော်အကိုမှ ကိုယ်တို့ နှင့် မိတ်ဆက်ပေးပြီး….
" ကဲ.. ဟိတ်ကောင် မနေ့ကပြောတဲ့ကိစ္စ အခြေအနေ ဘယ်လိုလဲ"
"အော်ဒီကမင်းညီမလား..အဆင်ပြေပါတယ်ကွာ ဒါပေမဲ့ဦးစီးက မရှိဘူးကွ၊ ညွန်ကြားရေးမှုး ဘဲရှိတယ်၊ သူကဒီမှာလက်မှတ်ထိုးပိုင်ခွင့်မရှိဘူးလေကွာ၊ နည်းနည်းတော့ စောင့်ရမှာပေါ့၊"
" စောင့်ဆိုလည်း စောင့်မှာပေါ့၊ ရှင်တို့အတွက်နည်းမနစ်နာစေရပါဘူး" ဟုသာ ကိုယ်လိုရင်းကို ၀င်ပြောမိသည်။
"အေးကွ ညကပွဲကြီးပွဲကောင်းဆိုဘဲ၊ ပြောပြစမ်းပါဦးမင်းသိသလောက်"
"ဟုတ်တယ် ငါတို့လည်း သိခြင်တယ်ပြောပြပါလား" ဟုကိုယ့်သူငယ်ချင်းမှလည်း ၀င်ရောက်ပြော ဆိုလေသည်။မှတ်ပုံတင်ရုံးမှ ဆရာ ဆိုသူက “ဒါနဲ့ညီမတို့က ဟိုဘက်ကဆို” ကိုယ်တချက်ပြုံးလိုက်မိသည်။ ထို့နောက်အကိုမှ “ငါတာဝန်ယူပါတယ်ကွာ မင်းကလည်း”
"ငါလည်းသေချာမသိပါဘူးကွာ.ညကအရှိုန်နည်းနည်းတက်သွားတယ်၊ ဒီမနက် သတင်းအရ တော့.. ကားဂိတ်နားက ဒေါ်ဘုတ်တို့ဆိုင်တော့ တော်တော်ပျက်ဆီးသွားတယ်။စစ်သား တွေတွယ် လိုက် တာလေ။ သူတို့ရဲဘော်က အဲ့ဒီဆိုင်ရှေ့က ပန်ဒါပင် အောက်မှာ လဲနေတာဆိုပြီး ဆိုင်ရှင်ကို ကြိမ်း တော့တာဘဲ၊ အဲ့ဒီဆိုင်ပြန်ဖွင့် နိုင်ဖို့တော့ သိမ့်မလွယ်ဘူးကွ.ငါဒီမနက်ကအဲ့ဒီကိုရောက်ခဲ့သေးတယ်။ " စကားအဆုံးမှာ အကိုမှ တနေရာကိုမျက်စပြလိုက်လေသည်။ အားလုံးမသိမသာ လည့်ကြည့်လိုက်မိတော့ စစ်သားတစု ဆိုင်ထဲမှ စိမ်ခံနေသည်ကိုမြင်တွေ့ရပေသည်။ ကိုယ်သက်ပြင်းငွေ့ငွေ့လေးချလိုက် မိသည်။ မလွယ်ပါလား။ထောင်နှခမ်းပေါ်ကို စင်းကျန်လျောက်နေရသလိုပါဘဲလား။
ကိုယ်တို့နှစ်ယောက်နှင့်အတူ အကို့သူငယ်ချင်းနှင့် မှတ်ပုံတင်ရုံးမှဆရာစုစုပေါင်း ၅ဦးသံလွင်မြစ် ချောင်းဘက်တို့ဦးတည်လာလေသည်။ မနက်ခင်းလေငြင်းလေးကိုရှုရိုက်ရင်း အတွေးထဲမှာကိုယ်စီ လွင့်နေ ကြသည်မှာ မည်မျှကြာသွားမှန်းမသိ။ တိတ်ဆိပ်မှုကို စတင်ဖြိုခွဲသူမှာ “ဒီကညိမတို့က ဟိုဘက်မှာနေတာ ဘယ်လောက်တောင်ကြာသွားပြိလဲနော်.ကျတော်မှတ်မိသလောက် ပြောရရင်တော့ ကျတော် ၈တန်းနှစ် ညီမတို့ ၇တန်းနှစ်ကတည်းကထင်တယ်နော်” “၁၀နှစ်ပေါ့ ငါ့ညီမ ၁၀နှစ်ပြည့်တဲ့နှစ်မှာ ငါတို့စီကိုပြန်လာတာ၊ ဒါပေမဲ့အဲ့လိုသွားလိုက်တာကိုဘဲ ငါကကျေးဇူးတင်ရမလိုဖြစ်နေပြီ၊ ခုဆိုငါ့ညီမ အထွေးတစ်ယောက်ဆို လင်ယူသားမွေးနဲ့ ဘာမှမထူးလာဘူးလေ၊ ဒီညီမကျတော့ သူ့ဆီမှာ ပညာတွေ ဗဟုသုတတွေအပြည့်နဲ့ ပြန်လာတာ၊ ငွေထုတ်မထမ်းလာရင်နေပါစေကွာ၊ အဲ့ဒါတွေပါရင် ငါကျေနပ်ပြီ၊ မင်း ရောဘယ်လိုသဘောရလည်း” “ငါကတော့ကွာ မြစ်ကြီးကိုကြည့်ပြီး လျပ်စစ်ရမှာကိုဘဲတွေးမြင်နေမိတယ်” စကားဝိုင်းထဲတွင်အမြဲတိတ်ဆိပ်စွာနာထောင်နေသော အကို့သူငယ်ချင်း အိုက်နွမ်မှ “မအေဘိုးတွေ၊ မင်းတို့ အစိုးရ၀င်ထမ်းတွေက ဒါတွေဘဲမြင်တာကိုးကွ” “ဟဟ အိုက်နွမ် နင်ငါတို့ကိုဘယ်လိုပြောလိုက် တာတုန်း ကွ” “မဟုတ်လို့လားကွာ စဉ်းစားကြည့်လေ။ သံလွင်ကိုဆည်ဆောက် လျပ်စစ်ပေးမယ်နဲ့ မဖြစ်နိုင်တာကွာ” မှတ်ပုံတင်ရုံးမှဆရာမှ“ညီမတို့ကို ကိုယ်တခုမေးမယ်၊ ဆည်ဆောက်ရင် လျပ်စစ်တကယ်မရဘူးလား” “အင်း ဆယ်ဆောက်မှတော့ လျပ်စစ်ရမှာပေါ့ ဒါပေမဲ့ဘယ်သူတွေရမှာကိုတော့တပ်အပ်မပြောတတ်ဘူး” “ညီမတို့ ခံယူချက်နဲ့ သဘောထားတွေကို ကိုယ်သိပါတယ်၊ ဒါပေမဲ့ခုချိန်မှာတော့”.. စကားကိုဆုံးအောင်မပြောဘဲ ကိုယ့်ကိုသေချာစိုက်ကြည့်နေမိသည်ကို အနေရခက်လှပေသည်။ ကိုယ်တို့လမ်းခွဲလိုက်ကြရင်းအတွေးကိုယ် စီနဲ့အိမ်ပြန်ခဲ့ကြသည်။

“အမေအမေ၊ အီနှောင့်နိုးပြီလား၊ ကျတော်မေးစရာရှိလို့”ဟုအိမ်ရှေ့တွင်မနက် ငါးနာရီကတည်းက ပင်စပါးထောင်းနေသောအမေ့ကို လာမေးသည်မှာ ထော်ကြီးပင်ဖြစ်ပေသည်။ အိမ်ရှေ့မှဆူညံဆူညံသံ ကြောင့်အိမ်ရှေ့သို့ကိုယ်ထွက်လာခဲ့မိသည်နှင့် “ဟာညီမ စောစောစီးစီးနှောက်ယှက်တယ်လို့ သဘော မထားနဲ့နော်။ တခုတော့ကူညီကွာ” ဟုစကားအစချီကာ “မနေ့ကကိစ္စမှာ အကို့ခယ်မဘက်ကမမှားဘူး လို့အကိုထင်တာဘဲ ဟုတ်တယ်မဟုတ်လား ညီမအမြင်လေးနဲနဲပြောပြပါဦး” “အကြောင်းကိစ္စကို စုံလင်စွာ မသိဘဲနဲ့တော့ ကျမဘယ်လိုလုပ် သိမှာလဲ ကိုထော်ကြီးရဲ့ဟု ဘုကောကောလိုက်မိသည်” “ဒီလိုညီမရ တနေ့က အီမိုးရယ်အကို့ခယ်မိစုရယ်သူ့ငယ်ချင်းချင်းရယ် သုံးယောက်သား ပွဲခင်းကနေပြန်လာ တယ်။ အဲ့ ဒါကိုဟိုစစ်သားက နောက်ကနေလိုက်လာပြီး အကိုခယ်မကို ချစ်ကြောင်းကြိုက်ကြောင်လိုက်ပြောတယ်ကွာ၊ ပြီးတော့ဆွဲလားရမ်းလာလုပ်တော့ ခယ်မကလည်း အီမိုးလက်ထဲက ပန်းသီးခွာစားတဲ့ဓါးလေးနဲ့ထိုးလိုက်တာ ပြီးတော့တွန်းထုတ်လိုက်တာ၊ အဲ့နောက်အဲဒီစစ်သားက ပန်ဒါပင်အောက်ကိုရောက်သွားရော၊ ခယ်မတို့လဲ အပြေးနဲ့အိမ်ပြန်လာတာပေါ့။ နောက်အခြောက်မ မိနွယ်ကလည်းပွဲကနေပြန်လာတာ ပန်ဒါပင်အောက် ရောက်တော့ ခလုတ်တိုက်မိရာကနေ မီးထွန်းကြည့်လိုက်တာ သွေးအိုင်ထဲမှာ သတိလစ်နေတဲ့ စစ်သားကို တွေ့လို့သူ့စခန်းအထိ ပြန်လိုက်ပို့ပေးရင်း သက်သေထဲပါသွားရော၊ အဲ့ဒီစစ်သားလဲချက်ကောင်းထိတယ် ပြောလားပါလားမသိဘူး ညတွင်းချင်း လှိုင်ကော်ဆေးရုံကြီးပို့လိုက်ရတယ်ပြောတယ်၊ တချို့ကျတော့ လည်းမပို့ဘူးပြောတာဘဲ၊ ဒီကောင်တွေငွေညစ်ဖို့ လမ်းဆင်နေတာတဲ့” Case ဖြစ်စဉ်တခုလုံးကို ကိုယ်လက် လမ်းမှီသလေက်စဉ်းစားမိတယ်၊ ဒါပေမဲ့ ဘယ့်သူ့ကိုမှ ကိုယ်အဖြေမပေးခဲ့ဘူး၊ ဒါတွေဟာ စစ်အစိုးရကြောင့် ဆိုတာကို အားလုံးကိုပြောခွင့်ရခဲ့မယ်ဆိုရင် ဘယ်လောက်များကောင်းလေမလဲ။

ခုဆိုရင်မိစုတစ်ယောက် အချုပ်ထဲမှာ ၃ပါတ်လောက်ရှိနေပြီ။ အမှုတိုင်တာ စစ်ဆေးတာဘာမှမရှိ ပေမဲ့စစ်သားထိုးမှုဆိုတော့တော်တော်လေးကို ဟိုးလေးတကျော်ဖြစ်ခဲ့တယ်။ ဦးလေးအိမ်ဘက်ကို ရှောက်ရင်း ဦးလေးဖြစ်သူမှ “သူမလေး ပြန်ရောက်လာတာတောင် ခုမှပေါ်လာတော့တယ်၊ အင်းနင့်အဖေလဲ နင့်ကိုစောင့်ရင်းနဲ့ဘဲ ဆုံးသွားရှာပြီဘဲ၊ ရောက်တုန်းလေး လိမ်လိမ်မာမာနေနော်၊တော်ကြာနေ ဟိုအမှု တွဲ ထဲပါသွားမှ ဟုတ်ပေ့ဖြစ်နေဦးမယ်၊ ကိုယ့်အကြောင်းကိုသိပေါ့”
ကိုယ်လုပ်ခြင်တာကိုလွတ်လပ်စွာပြုခွင့်မရလိုက်၊ မှတ်ပုံတင်ကိစ္စနှင့် ငွေကျပ် ၅ သောင်းလောကုန် သွားသည်။ ငွေငါးသောင်းကို ကိုယ်မနှမြော သိုကသော်။ “ဟိတ် မှတ်ပုံတင်ကိစ္စပြီးသွားပြီဆိုတော့ ငါ့ကိုမုန့် ကြွေးဦးပေါ့”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းမှ ကိုယ့်ကျောင်းနေဖက်ငယ်သူငယ်ချင်းမှ တောင်းဆိုလာ သည်။ ချောင်ကျသော လက်ဖက်ရည်ဆိုင်တွင်ထိုင်းရင်း ကိုယ်တိုကနှစ်ယောက် ငယ်စဉ်ကရှေးဟောင်း နှောင်းဖြစ်တွေကို ပြန်ပြောရင်း “အီနှောင့်နင် ဟိုဘက်ကိုသွားတာဆို၊ ခုကျတော့ထိုင်းကနေပြန်လာတယ်၊ ဘယ်လိုလုပ်ပြန်လာတာလဲ၊ င့ါကိုလည်းနင့်အတွေ့အကြုံလေးပြောပြပါလား” ဟိုဘက်ဆိုသည်မှာ မိမိတို့ သောအသုံးအနှုန်းအနေနှင့် သူပုန်၊တော်လှန်ရေးတပ်သားထဲသို့ ဆိုလိုခြင်းဖြစ်သည်။ “ဒီလိုပါဘဲဟာ ဘာမှမထူးပါဘူး၊ ငါသာနင့်လိုကျောင်းဆက်တတ်ရင်တောင် ခုဆိုဘွဲ့တွေဘာတွေတောင် ရလောက်ပြီ” “ဟိတ် ငါသိပါတယ်ဟာ၊ နင်ငါ့ကိုမပြောချင်လဲငါနားလည်ပါတယ်။ ငါကတော့နင်သွားလိုက်ကတည်းက အား ကျနေတာ၊ ငါ့မိဘတွေကမျက်စီအောက်အပြောက်မခံလို့သာ၊ ငါသိရသလောနင်ခုဆိုကွန်ဗြူတာတွေ ဘာတွေကောင်းကောင်းကစားတတ်နေပြီဆို၊ အင်္ဂလိပ်စကားလဲပြောတတ်တယ်ဆို၊ အင်း-နင်သွား လိုက်တာ မှန်ပါတယ်၊ နင်သွားပြီးရင်ငါ့ဆီစာရေးဦးနော်” “ဒါနဲ့အီထွေးနင် မိစုသတင်းဘာကြားသေးလဲ နင်တို့ ကြံခိုင် ရေးအသင်းကဆိုတော့ သတင်းပိုသိရမလားလို့ပါ” “ဘာလဲနင်က ဟိုဘက်ရောက်ရင်စာရေးမလို့လား” “အာ ဘာဟုတ်မလဲ၊ ငါက သိချင်ယုံသက်သက်ပါ” “နင်စာတွေရေးတယ်ဆိုတာလဲငါသိပါတယ် ငါပြောပြ မယ်ဟာ သိတလောက်ပေါ့၊ အကယ်၍နင်စာပြန်ရေးရင် ငါ့အတွက်တော့စဉ်းစားဦးပေါ့၊ ပြီးတော့နင့်မိသားစု လည်းရှိသေးတယ်၊ ကောင်မလေးက ခုထိဘာအမှုမှလဲ မဖွင့်တရားရုံးလဲမတတ်ရသေးဘူး၊ စစ်ခုံရုံးပို့မယ် လို့တော့ပြောတာဘဲ၊ လောလောဆယ်တော့ အချုပ်ထောင်ကနေ့ပိတ်ပြီး ညကျတော့ ဖွင့်နေတာဘဲလေ၊ ပြီးတော့ သူ့အမကကျပ်ငွေ ၅သောင်းလောက်တော့ မနေ့က လျောကနက်ထွက်သွားပြီ၊ အလကားပါဟာ ဟိုကောင်ဘာမှမဖြစ်ပါဘူး၊ အမူးလွန်တာရယ် သွေးနဲနဲထွတ်လွန်တာရယ်ကြောင့်မူးပြီးမေ့သွားတာ၊ ဒီကဆေးဝန်ထမ်းတွေကလည်း စစ်သားဆိုတော့ ကိုင်ရပြုရတခုခုဖြစ်ရင်အမှုဖြစ်မှာစိုးတာနဲ့ ဘာမှမလုပ်ဘဲ ဆရာဝင်နဲ့တိုင်ပင်ပြီး ညချင်းဘဲ လှိုင်ကော်ဆေးရုံပို့လိုက်တာ။ ခုဆိုရင် အဲ့ဒီကောင်လက်ဖက်ရည်ဆိုင် တောင်ထိုင်နေလောက်ပြီ။ ဒီမှာသာ သေမလားရှင်မလားသတင်းတွေလွင့်ပြီးဟန်လုပ်ငွေတောင်းနေတာ၊ နင်တောင် ၅သောင်းပါသွားပြီးဟုတ်လား၊ မှတ်ပုံတင်လဲတာပြောတာနော်၊ ပြီးတော့ ဓါးကအီးမိုးဓါးလေ” “ဘယ်လိုလုပ်အီမိုးဓါးဖြစ်ရတာလဲ အီထွေးရှင်းပါဦး” “အီနှောင့်နင်ကလေ စာရေးဆရာ ပေါက်စနထက်ဆိုး တယ် နင်နဲကအတူထွက်သွားတဲ့ အီမိုးလေ၊ ပြန်လာတော့ ကလေးတအုပ်နဲ့ အသက်ကမှ ၂၀ ကျော်ကလေးကဖြင့် ၄ယောက် အဲ့ဒါကြောင့်နင့်အကို ကိုစိုးကနင့်ကိုဂုဏ်ယူနေတာဖြစ်မှာပေါ့-ထားပါ ဟိုကိစ္စလေးဆက်ပြောပြမယ်၊ အပြန်မှာအီမိုးက ပန်းသီးတလုံးဝင်ဝယ်ပြီး ပါလာတဲ့ဓါးလေးနဲ့ လရောင်ကို အားပြုပြီးပန်းသီးခွာလာတာလေ။ အမှောင်ရိပ်နဲနဲကျတဲ့ ပန်ဒါပင်နားရောက်ရော ပြသနာကစတော့တာပေါ့ အဲ့ကောင်တေံက လွန်ကိုလွန်တာပါဟာ ပြီးခဲ့တဲ့ လထဲကဘဲတောင်ပိုင်းက အသက်၄၀လောက်ရှိတဲ့အဒေါ် ကြီးကို မုဒိမ်းကျင့်လိုက်တာလေ။ ၅၀၀၀ နဲ့လျော်တယ်တဲ့ ပြီးတော့ဒီကောင်တွေဒီမှာထိုင်တာ လုံးမကောင်း ဘူးကွ၊ ငါတို့ကြံခိုင်ရေးက သမီပျိုတွေနဲ့လဲ ပြသနာခနခနဖြစ်လို့ အင်း-ကြံ့ခိုင်ရေးအသင်းမို့လားမသိဘူး သူတို့အရာရှိတွေကိုတိုင်ရင်တော့် အဲ့ဒီကောင်တွေတော်တော်နာတယ်မှတ်၊ တခါခါကျတော့ တိုင်ရတန်းရ တာလည်းအဆင်မပြေဘူး၊ အဲ့လိုသူတို့လိုက်နောက်ယှက်တဲ့အချိန်မှာ အနားကကာလသားတွေ သူငယ်ချင်း ယောကျာင်္းလေးတွေပါရင်တော့ ပွဲပြီးပွဲကောင်းဘဲ နင့်ကိုမှတ်ပုံတင်လိုက်လုပ်ပေးတဲ့ကောင်တောင်မှ သူတို့နဲ့ ပြသနာတတ်တာ၂ခါရှိပြီ၊ ငါတို့ကြောင့်နဲ့ဘဲပေါ့ ”

မွေးရပ်ဌာနေဖြစ်သော်ငြားလည်း ငြိမ်းချမ်းမှုတွေ တရားမျှတမှုတွေ စိုးရိမ်မှုများအတိကင်းဝေးလျှက် ရှိနေသောချစ်သောအမိကရင်နီပြည်၏ စီးပွားရေးအချက်အခြာကျသော မြို့ငယ်လေးတမြို့ဖြစ်ပေသည်။ လမ်းခရီးတလျောက်တွင် ကြမ်းတမ်းခတ်ခဲလှ၍၎င်း ငွေတံတားများခင်း၍ မီးရထားစီးနေရ၍၎င်း မိသားစုများကို ငွေပြန်၍မထောက်ပံ့နိုင်ရင် နေပါ့စေ လမ်းခရီးတွင်ငွေတံတားခင်းနိုင်ရန် အလွန်အရေးကြီး လှပေသည်။ ပထမဦးဆုံးသော အိပ်အပြန်လမ်းခရီးတွင် သာယာမှုကင်းမဲ့စွာ လျောက်လမ်းနေရသော မိမိကဲ့သို့ ဘ၀တူ တော်လှန်ရေးရဲဘော်များ ကင်းဝေးနိုင်ကြပါစေလို့ဆုတောင်းရင်း

ဒီဇင်ဘာလ ၂၀၀၉ ခုနှစ် ကယားပြည်နယ် (ခေါ်) ကရင်နီပြည်တွင်း မြို့နယ်လေးတမြို့နယ်မှ ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန်တခုဖြစ်သည်။ လုံခြုံရေးအရ ၎င်းတို့၏အမည်နာမများကို ပြောင်းလဲထာပါသော်၎င်း ကိုယ်တွေ့ဖြစ်ရပ်မှန်တခုဖြစ်ပေသည်။

ဆူးခက်
ကရင်နီ

No comments:

Post a Comment

Powered by FBI