Wednesday, November 3, 2010

စိတ်ချမ်းသာအောင် "ချို" ကိုရှောင်

လူလောကအတွင်း မှီတင်နေထိုင်ကြသော ကျွန်တော်တို့လူသားတွေဟာ သွား လာလှုပ်ရှားရင်း လူ့ဘဝတစ်သက်တာမှာ အသက်ရှည်ရှည်နေသွားချင်ကြပါတယ်။ လူ့အ သက်တစ်ချောင်းဟာ အသက်ရှင်နေစဉ်ကာလအတွင်း ကြီးငယ်မဟူမည်သူမှရှောင်လွှာမရ တဲ့ သေခြင်းတရားနဲ့ အနှေးနှင့်အမြန်အားလုံးရင်ဆိုင်ကြရမှာဖြစ်ပါတယ်။
ဤကဲ့---ဤကဲ့သို့သော သေခြင်းတရားနှင့်ရင်မဆိုင်ရခင်ကာလလေးမှာ စိတ်၏ ချမ်းသာခြင်းဖြင့် မည်သူမဆိုနေချင်သွားကြမှာပဲလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ အားလုံး စိတ်ချမ်းမှုကိုခံစား နိုင်ဖို့အတွက် ကိုယ်ကာယကျန်းမာစေရန် ကျန်းမာရေးကိုဂရု စိုက်ရန်လိုအပ်ပါတယ်။

အဲဒီလို ကျန်းမာရေးကိုဂရုစိုက်ရာမှာ နာတာရှည်ရောဂါကို မဖြစ်စေရန်ကါကွယ် ပြီး။ ဖြစ်ခဲ့ပြီးရင်လည်း ရောဂါဆိုးဝါးမှုမရှိစေရန်အတွက် နာတာရှည်ရော ဂါတစ်ခု အကြောင်း ကိုပြောပြချင်ပါတယ်။ စေတနာအလျှောက် ရေးသားလိုက်သော ဤရောဂါအ ကြောင်း တွင် အမှားများပါရှိခဲ့လျှင် ခွင့်လွှတ်နားလည်ပေးပါလို့ ဦးစွာတောင်းပန် မေတ္တာရပ်ခံပါသည်။

ကျွန်တော်ပြောပြချင်တဲ့ရောဂါအကြောင်းကတော့-----------
အသက်လေးဆယ်ကျော်တွေမှာအဖြစ်များနေတဲ့ နာတာရှည်ရောဂါ ( သွေးတိုး၊ နှလုံး၊ နှလုံးသွေးကြောကျဉ်း၊ ဆီးချို၊ သွေးချို) တို့ဖြစ်ကြပါတယ်။ အဲဒီအထဲကမှ ဆီးချို ရောဂါအကြောင်းကို သိသလောက်မှတ်သားသလောက် စေတနာလေးပေးလိုက်ပါရစေ။

ဆီးချိုရောဂါ (diabetes)က ပန်ခရိယ (pancreas) ရဲ့အင်ဇိုင်းတွေဟာ အချို့သော အစားစာတွေကို ချေပေးဖို့အတွက် အင်ဆူလင်ဓါတ်ထုတ်မပေးနိုင်ခြင်း (သို့မဟုတ်) အင် ဆူလင်ဓါတ်၏ အာနိသင်လျော့သွားမှုတွေကြောင့် ရောဂါတစ်မျိုးဖြစ်လာပါတယ်။ အဲဒီ ရောဂါဟာ သွေးထဲမှာရှိတဲ့သကြားဓါတ်တွေကို မြင့်တက်လာအောင်မြှင့်ပေးကြတယ်။ အဲဒီ လိုမြှင့်တင်ပေးခြင်းဖြင့် နောက်ဆုံးတော့မှာ သကြားဓါတ်တွေ များများလာပြီး ခန္ဓာကိုယ်ရဲ့ သွေးကြောလည်ပတ်မှုတွေကြောင့် ဆီးထဲမှာအချိုဓါတ်တွေများလာပြီး ဆီးချိုရောဂါအဖြစ် ကိုရောက်ရှိသွားကြပါတယ်။

ဆီးချိုရောဂါမှာဆိုရင် နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမအမျိုးအစားဟာ ဆီးချိုရော ဂါဖြစ်ပွားမှု၏ တစ်ရာရာခိုင်နှုန်း (100%)မှာ ဆယ်ရာခိုင်နှုန်း (10%) ပဲဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆိုလျှင် ကလေးဘဝထဲကစပြီး ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ ဒီပထမအမျိုးအ စားဟာ အင်ဆူလင်ထိုးဆေးနှင့်ပဲကုသလို့ရနိုင်ပါသည်။ (ဆေးရုံကြီး၌သာ ကုသနိုင်)စား ဆေးအနေနဲ့ကတော့ ထိရောက်မှုမရှိတဲ့လို့ ဤရောဂါပထမအမျိုးအစားအတွက် မကုသ ကြပါဘူး။

ဒုတိယအမျိုးအစားကတော့ အသက်ကြီးတဲ့လူတွေ အများအားဖြင့်ဆိုလျှင် အ သက်လေးဆယ်ကျော်တဲ့အရွယ်တွေမှာ အဖြစ်များပါတယ်။ အမျိုးသား၊ အမျိုးသမီးမရွေး ဖြစ်တတ်ကြပါတယ်။ ဒီဒုတိယအမျိုးအစားရောဂါဟာ စစဖြစ်ခြင်း ကုသမည်ဆိုလျှင် စား ဆေးနှင့်ပဲကုသနိုင်ပါသည်။ ဒါပေမယ့် ရောဂါပြင်းထန်တဲ့အချိန်မှ ကုသမည်ဆိုလျှင်တော့ ထိုးဆေးနှင့်ကုသမှုခံယူခြင်းဟာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။

ဆီးချိုရောဂါအကြောင်းသိပြီးဆိုလျှင် ဆီးချိုရောဂါဖြစ်လျှင်ဘယ်လိုခံစားရတယ်၊ ဘယ်လိုလက္ခဏာတွေပြမယ် ဆိုတာကိုနည်းနည်းလေး ပြောပြခွင့်ပြုစေချင်ပါသည်။ ဆီး ချိုရောဂါသည်တစ်ဦးကို ကျွန်တော်တွေ့ဖူးတယ်။ သူ့ပြောပြချက်အရ သူဟာ အမြဲတမ်းလို လိုစာလောင်မွတ်သိပ်မှုဖြစ်နေတယ်။ ဒါပေမယ့် စားလိုက်သလောက်တွေဟာ သူ့အတွက် အားမရှိသလိုခံစားရတယ်။ ဆီးတွေလည်း မကြာခဏစွန့်နေရတယ်။ ချိုပြီးဆိမ့်တဲ့ အရ သာတွေကို အမြဲတမ်း ချက်ချင်းတက်စားခြင်နေတယ်။ သူစာလို့မစားလိုက်ရလျှင် ခြေတွေ လက်တွေ တုန်ရီသလိုခံစားနေရတယ်။ သူ့အတွက်စိတ်ကျေနပ်မှု လုံးဝမရှိဘူးဖြစ်နေပါ တယ်။ အဲဒီလို ဆီးချိုရောဂါသည်တွေရဲ ခံစားရမှုတွေ တွေ့ခဲ့ကြားခဲ့ရပါတယ်။ အဲဒီခံစားမှု တွေကြောင့် ဆီးချိုရောဂါတွေရဲ့ လက္ခဏာတွေကို အကျဉ်းပြောပြပါရစေ။ သူ့ရဲ့ရောဂါ လက္ခဏာတွေကတော့ က။ရေငတ်ခြင်း ခ။စာလောင်ခြင်း ဂ။ဆီးမကြာခဏသွားခြင်း ဃ။ကိုယ်အလေးချိန်လျော့ကျခြင်း င။မောပန်းနွမ်းနယ် (ခြေကုန်လက်ပန်းကျ)ခြင်း စ။ရော ဂါပိုးဝင်ရောက်လွယ်ခြင်း (အထူးသဖြင့် အရေပြားရောဂါ၊ ထိခိုက်မိလျှင်အနာကျက်-ပျောက်ရန်ခဲယဉ်းခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ မိန်းမကိုယ်အင်္ဂါဝင်ခြင်း၊ အဆုတ်တီဘီ ရောဂါဖြစ်ခြင်း စသည့်ရောဂါလက္ခဏာတွေရတတ်ပါတယ်။

ကျွန်တော်တို့လူတစ်ဦးဦးမှာ အထက်ဖော်ပြခဲ့သော လက္ခဏာတွေ တွေ့ခဲ့မည်ဆို လျှင် အဲဒီလူနာတွေဟာ ဆီးချိုရောဂါ ရှိ၊ မရှိ ကျန်းမာရေးဌာနတွေမှာ ကျန်းမာရေးသွား ရောက်စစ်ဆေးသင့်ပါသည်။ အဲဒီလိုစစ်ဆေးပြီးလို့ ဆီးထဲမှာသကြားဓါတ်ရှိခဲ့မယ်ဆိုလျှင် ဆီးချိုရောဂါဖြစ်ပွားနိုင်ပါသည်။ ဒါပေမယ့် တစ်ချို့လူတွေမှာ ဆီးထဲမှာသကြားဓါတ်ရှိနေ ပေမယ့် ဆီးချိုရောဂါဖြစ်နေပြီးလို့ အတိအကျသတ်မှတ်လို့မရနိုင်ပါဘူး။ သွေးထဲမှာသ ကြားဓါတ်ရှိ၊ မရှိစစ်ဆေးပြီ်း သေချာမှုရှိမှသာလျှင် ဆီးချိုရောဂါဖြစ်နိုင်ပါသည်။

ဆီးထဲမှာသကြားဓါတ်ရှိ၊ မရှိကိုကျန်းမာရေးဌာနတွေမှာ စမ်းသပ်စစ်ဆေးနိုင်သော် လည်း သွေးထဲမှာသကြားဓါတ်ရှိ၊ မရှိစမ်းသပ် စစ်ဆေးခြင်းကိုတော့ဆေးရုံးမှာ စမ်းသပ်နိုင် ပါတယ်။ ဒါပေမယ့် တစ်ချို့သော ငွေကြေးတတ်နိုင်သော ဆီးချိုသမားတွေကတော့ သွေး ထဲသကြားဓါတ်စစ်ဆေးမှုအတွက် စမ်းသပ်သည့် ကရိယာကိုဝယ်သုံးနိုင်ကြပါသည်။ သ ကြားဓါတ်စစ်ဆေးသည့်အကြောင်း အကျယ်တဝင့်အသေးစိတ်ဖော်ပြမှု မပြုဝက ကိုခွင့် လွတ်နာလည်ပေးစေချင်ပါတယ်။

ဆီးချိုရောဂါဖြစ်ပွားပြီးဆိုလျှင် သူတို့ကြောင့်ဖြစ်ပေါ်တတ်တဲ့ ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲဖြစ်တတ်တဲ့ရောဂါတွေလဲ သိစေချင်ပါသေးသည်။ ကျွန်တော်တို့တတွေ ဆီးချိုရောဂါဖြစ်တာသိပြီးလို့ ကုသမှုမခံယူလျှင်ဖြစ်ပွားမှု အချိန်ကြာလာတဲ့အခါ အဲဒီရောဂါဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွေ ပျက်စီးချို့ယွင်းသွား အောင် အန္တာရာယ်ပေးတတ်ကြပါသည်။ ဘယ်လိုအန္တာရာယ်မျိုးလဲဆိုရင်

(၁) သွေးကြော ရောဂါနှင့်ပတ်သတ်လျှင်-----လေဖြတ်ခြင်း၊ နှလုံးရောဂါ (နှလုံးလုပ်ငန်း ချို့ယွင်း)ခြင်း၊ ခြေ ဖျားလက်ဖျားများအေးစက်နာကျင်ခြင်း ဘာကြောင့်ဖြစ်သလဲဆိုလျှင် ခန္ဓာကိုယ်ရဲ့အစွန်း အဖျား (ခြေ၊လက်)တွေမှာရှိတဲ့ သွေးကြောကလေးတွေဟာ ကောင်းမွန်စွာလှည့်ပတ်မှု မရှိခြင်း တို့ဖြစ်တတ်ကြပါသည်။
(၂)ကျောက်ကပ်ရောဂါ (ကျောက်ကပ်လုပ်ငန်းချို့ယွင်း)
(၃)မျက်လုံးနှင့်ပတ်သတ်သောရောဂါ (အတွင်းတိမ်၊ရေတိမ်နှင့်မျက်လုံးအိမ်နောက်ပိုင်းရှိ အမြင်လွှာ ပျက်စီးပြီးမျက်စိကောင်းကောင်းမမြင်)
(၄)အာရုံကြောပျက်စီးခြင်း (ထုံကျင်၊ ခြေဖျားလက်ဖျားများ အေးစက်ခြင်း၊ အေးစိမ့်နာကျင်ခြင်း)
(၅)ခြေထောက်ပြဿနာ--ကောင်းမွန်စွာသွားလာလှုပ်ရှားမှုမရခြင်း၊ ထုံကျင်နေခြင်း (အဲဒီအတွက် ကြောင့် ဆီးချိုရောဂါဖြစ်ပွားတဲ့ လူနာတွေဟာ ထိခိုက်မှုဖြစ်လွယ်ပြီး အနာဖြစ်တဲ့အခါ ရောဂါပိုးဝင် လွယ်ခြင်း) စသည့်--စသည့်နောက်ဆက်တွဲရောဂါတွေကြောင့် ဆီးချရောဂါဟာ ကျွန်တော်တို့အတွက် အန္တာရာယ် အလွယ်တစ်ကူပေးတတ်ကြပါသည်။

ဆီးချိုရောဂါအတွက်ဆေးဝါးနှင့်ကုသမှုကို ရောဂါအမျိုးအစားပြောခဲ့စဉ်တုန်းက ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ သွေးထဲမှာရှိတဲ့သကြားဓါတ်တွေကို လျော့ကျအောင်ကုသခြင်းဖြင့်ရောဂါသက်သာလာပြီး ရေရှည်မှာဆိုလျှင် ခန္ဓာကိုယ်ချို့ယွင်းအောင်ဖြစ်ပွားမှုကနေလည်း ကာကွယ်၍ရနိုင်ပါသည်။အကယ်၍သကြားဓါတ်ကိုလျော့ချတဲ့နေရာမှာ စားသောက်မှု၊ နေထိုင်မှု တွေနဲ့လည်းလျှော့ ချ၍ရနိုင်ပါသည်။ လုံးဝသကြားဓါတ်လျှော့ကျမှုမရှိမှသာလျှင် ဆေးဝါးနှင့်ကုသမှုကိုခံယူခြင်းက အ ကောင်းဆုံးဖြစ်ပါသည်။ စားဆေးနှင့်ကုသသည့် ဆေးဝါးများမှာ ဂလီဘင်ကာမိုက် (Glibencarmide)၊ ကလိုပရိုပါ မိုက်ဒ် (Chlorpropamide)၊ မက်ဝှာမင်း(Metformin) တွေနှင့်ကုသလို့ရနိုင်ပါသည်။ သကြားဓါတ် တည်ရှိမှု အ နည်းအများအပေါ်မူတည်ပြီး ဆေးဝါးနှင့်ကုသမှုပြုလုပ်ရပါသည်။

ဆီးချိုရောဂါဟာ ဖြစ်ခဲ့ပြီးပြီးဆိုလျှင် လုံးဝပျောက်ကင်းသွားအောင် ကုသ၍မဖြစ်နိုင်သေးပါ။ ဒါပေမယ့် ကာကွယ်ထိန်းသိမ်းမှု အနေဖြင့် ကုသသွားလို့ရပါသည်။ ဆီးချိုရောဂါဟာဖြစ်ခဲ့ပြီးပြီးဆိုလျှင် ဆီးချိုလူနာရဲ့ ခန္ဓာကိုယ်ထဲမှာ အမြဲတမ်းရှိ နေဦးမည် ဖြစ်ပါ သည်။ တစ်မျိုးပြောရမည်ဆိုလျှင် အဲဒီရောဂါခိုစပြီး သန္ဓေဆောင်တဲ့အချိန်ကစပြီးရှိမှာ ဖြစ်ပါသည်။ဆီးချိုရောဂါနှင့် ပတ်သတ်ပြီး ကျွန်တော့်အနေဖြင့် အတွေ့အကြုံကလေး နည်းနည်းလောက် ပေးချင်ပါတယ်။

ဆီးချိုရောဂါဖြစ်ခဲ့ပြီး ဆိုလျင်ဆေးဝါးကုသမှုခံယူနိုင်သလို ဆီးချိုလူနာတွေအနေဖြင့် လိုက် နာရမည့်နည်းစနစ်တွေကို လိုက်နာနိုင်ဖို့လိုအပ်ပါသည်။ ဒါမှလည်း ရောဂါမပြင်းထန်အောင်ထိန်းသွား နိုင်ပါသည်။ လိုက်နာရမည့်နည်းစနစ်တွေကတော့-အစားအသောက်အနေနှင့်ဆိုလျင် လ္ဖက်ရည်၊ သ ကြားများများဖြင့် ပြုလုပ်သော မုန့်များ၊ ပျားရည်၊ ကြံရည်တို့ကိုရှောင်ရပါမည်။ အဝလွန်နေတဲ့လူတွေမှာ ကိုယ်အလေချိန်လျော့ချခြင်းဟာလည် သွေးထဲမှာရှိ သကြား ဓါတ်တွေ လျော့ကျသွားနိုင်ပါသည်။ ကဆီဓါတ်များများပါတဲ့ အစားအစာကို စာသောက်ပေး နေလျင် လည်း ရောဂါကာကွယ်နိုင်ပါသည်။ (ထမင်း၊ အာလူး ၊ ပေါင်မုန့် ၊ ခေါက်ဆွဲ ၊ ဟင်းသီးဟင်းရွက် စ သည့်ဖြင့်) နေထိုင်မှုအနေဖြင့်ဆိုလျင် လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေး နိုင်လျင်လည်း ကောင်း ပါသည်။ ဥပမာ- လမ်းလျောက်၊ ဘော်လုံကန်၊ ရေကူးချင်(မိမိနှင့်သင့်လျော်သလို) ကိုယ်ကာယလှုပ် ရှားမှုများများ လုပ်ပေးနိုင်လျှင် ပို၍ကောင်းမွန်ပါသည်။ ဤကဲ့သို့ လုပ်ပေးခြင်းဖြင့် သွေး ထဲရှိ သကြား ဓါတ်တွေလျော့ချနိုင်ပါသည်။

နောက်တစ်ခုသတိပေးချင်တာက ဆီးချိုရောဂါဖြစ်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဟာ ကိုယ်ဝန်အဆိပ်တက်ခြင်း၊ ကလေးမီးဖွားလျှင်အဖတ်မတင်ခြင်း၊ လမစေ့တဲ့ ကလေးမွေးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးမွေးဖွားခြင်း ရှိသကဲ့သို့ ကိုယ်ခန္ဓာဖွံ့ထွားတဲ့ ကလေးတွေလည်းမွေး ဖွားခြင်း၊ တွေ့ရတတ်ပါသည်။သို့ဖြစ်ပါ၍ ဆီးချိုရောဂါ မဖြစ်စေရန်ကာကွယ်ပြီး ဤရောဂါကြောင့် အသက်အန္တာရာယ်မထိ ခိုက်ရလေအောင် ထိန်းသိမ်းနေထိုင်ကြဖို့လိုအပ်မည်ဟု ကျွန်တော်ထင်ပါသည်။

ကျွန်တော်နှင့်အတူ ကျန်းမာရေးကောင်းမွန်ပြီး ပျော်ရွှင်စွာနေထိုင်မှု လိုလားသူများသည် ကျွန်တော်တို့ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ဆီးချိုရောဂါအပြင်အခြားခြားသော ရောဂါများမဖြစ်လေ အောင် ထိန်းသိမ်းကာကွယ်ရင်းဖြင့် ရောဂါဖြစ်ပွားမှု ကင်းဝေးပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာ ခြင်းဖြင့် ပျော်ရွှင်စွာနေထိုင်သွားကြပါစို့။




ဆက္ဗွ္ညိအဵ...
Powered by FBI