Monday, August 30, 2010
" ဘယ်မှာလဲ နေရာ"
အော်……..
ခေတ်ပြောင်း စနစ်ပြောင်း
ဒီနေ့မှာ
ဒို့ အမိမြန်မာပြည်ကြီးရဲ့ တတောင့်တနေရာမှာ
အနာဂတ်အတွက် ထွန်းလင်းတောက်ပလာမယ့်
ဒို့ကလေးများရဲ့ ပညာရေးကို
ဖျက်ဆီးပစ်နေတာ နှစ်လရှည်ကြာ
စနစ်စိုးကြီးရဲ့ အရိုင်းပန်းအောက်က
လူသားမဆန်တဲ့ မင်းတို့ရဲ့ အပြုအမူတွေမို့-
ဒို့တတွေရဲ့ တောရွာတွေကို
မကြာခဏမီးရှို့ ထင်းတစီးစာအလား
ထင်ယောင်မှားပြီး လူသားမဆန်တဲ့
မင်းတို့ရဲ့ အပြုအမူတွေကြောင့်
အသက်အန္တရာယ်ကြားမှ တီတီကလေး
လွတ်မြောက်နိုင်အောင် ကြိုးစားရုန်းကန်
အိုးအိမ်စွန့်ခွာ
နေရာအတည်တကျ ရှိမနေလှတဲ့
ဒို့ မိခင်များရဲ့ ဘဝဟာ
ဘယ်တော့အခါမှ ချမ်းသာသုခ
ရမှာလဲ…………
Subscribe to:
Post Comments (Atom)
No comments:
Post a Comment