Monday, August 30, 2010
“အတွေ့ကြုံတိုင်းရဲ့ နောက်ကွယ်မှာ’’
မွေးကင်းစကလေးဘဝမှာ လောကကြီးက
ငါတို့တွေရဲ့  ဘဝရေလှိုင်းသံတြွေုကား
ရင်ဆိုင်ဖြတ်သန်းသွားဖို့ ဆီးကြိုခိုင်းသလဲကွယ်
ငါတို့ရဲ့ ဘဝရေလှိုင်းသံကို သူငယ်ချင်းရယ်
အတူတူ ကူးဖြတ်ချင်ပေမယ့်လည်း
အမြဲတမ်းအတူ မကူးဖြတ်နိုင်ပါဘူးကွယ်
ဘာကြောင့်များမို့ လောကကြီးရယ်
ငါတို့တွေအတွက် မတရားတာလဲ
မေးခွန်းများထွက်လာတော့လည်း--- အိုးကွယ်
ဘယ်တူမပြု မိမိမှုတဲ့လား
အတွေ့ကြုံတိုင်းရဲ့ နောက်ကွယ်မှာ
မြင့်မြတ်တဲ့ သင်ခန်းစာဆိုတာ
ရှိစမြဲပါ
လိုချင်တဲ့ ပန်းတိုင်တခုအတွက်
ယုံကြည်ချက်ကို နောက်မဆုတ်တမ်း
ဆွဲကိုင်ရင်း ဘဝဆိုတဲ့ ရေလှိုင်းသံကို
ကူးဖြတ်သွားရမှာနော်….
No comments:
Post a Comment