Wednesday, September 8, 2010
အမေကိုလွမ်းတဲ့ သမီး
အမေရယ်…
အမေနဲ့ ရေမြေခြားရတဲ့
သမီးလေးရဲ့ ဘဝမှာ တက္ကသိုလ်တက်ခဲ့တုန်းက
အမေ့ကို လွမ်းလိုက်ရသလို
အဆောင်မှာ နေရတဲ့ဘဝမှာ
အမေ့ရဲ့ ချိုမြိန်လှတဲ့
ထမင်းဟင်းလက်ယာတွေကို
ပြန်တွေးရင်း အိမ်ကိုတန်းပြန်ချင်တဲ့
သမီးရဲ့ စိတ်ဟာ
ဘယ်အရာနဲ့ မှ
တားဆီးလို့ မရခဲ့ပါဘူး။
တက္ကသိုလ်တက်ခဲ့တုန်းက
အမေ့ကို လွမ်းခဲ့ရတဲ့ခံစားချက်ဟာ
ယခုအချိန်မှာ
လွမ်းရတဲ့ ခံစားချက်ချင်း
မတူညီနိုင်တော့ဘူး အမေရယ်။
စစ်အာဏာရှင်ရဲ့  ကြီးစိုးမှုအောက်မှာ
အလူးအလိမ့်ခံနေကြရတဲ့
သမီးတို့ အမျိုးသမီးထုထဲမှာ
အမေလည်း ပါနေတယ်လို့
သမီး ခံစားရတယ်၊ အမေရယ်
ယခုအချိန်မှာ အမေ့ကို
အဝေးတနေရာမှာ လွမ်းနေရပေမဲ့
သမီးလေ ခံနိုင်ရည်ရှိနေပါပြီး။
သမီးတို့ အမျိုးသမီးများရဲ့
ဘဝမြှင့်တင်ရေးကို
တဖက်တလမ်းက
ကူညီပေးရင်း……………
အမေ့ကို ကျေးဇူးဆပ်နေရတယ်လို့
သမီး ပီတိဖြစ်နေမိတယ်၊
အမေရယ်……..
ကဗျာရေးသူ--သာင်အဲာဆာန်
No comments:
Post a Comment