Wednesday, August 18, 2010
ပျိုမေတို့ရဲ့ မျှော်လင့်ခြင်းရောင်နီ
ချွေးနဲ့ရင်းခဲ့ရတဲ့ မင်းရဲ့ဘဝအနာ
စစ်အာဏာအရိုင်းစိုးကြီးရဲ့ ထုထောင်းမှုဒဏ်
ဇွဲမလျှော့စတမ်း ခါးစည်းခံရင်း
ဆူးခင်းတဲ့လမ်းမထက်မှာ နင်းလျှောက်ရင်း
အော်--------
ဘဝဒဏ်ရာနဲ့ ရင်ဆိုင်ကျော်လွှားရလည်း
ရောင့်ရဲနိုင်တဲ့ မင်းရဲ့မျှော်လင့်ချက်အားမာန်
မျက်ရည်စတွေနဲ့ ပင်လယ်ရေအလား
ငိုကြွေးချင်လည်း လူတကာအလယ်မှာ
အပြုံးပန်းတွေ ဝေဆာစွာနဲ့
အော်-------------
ယုံကြည်ချက်မဲ့ ဒဏ်ရာတွေနဲ့
မွှေးပြယ်သစ်လွင် မင်းရဲ့လွင်ပြင်
ညီညာဖြန့်ဖြူး သီကျူးနိုင်အောင်
မျှော်လင့်ခြင်းရောင်နီ နေလမင်းပမာ
ဒဏ်ရာရှိလည်း သာယာပျော်ဘွယ်
အသွင်ကူးပြောင်းကာလ
မျက်နှာပန်း မလှနိုင်တော့တဲ့
အာဏာရူးကြီးရဲ့ အရိုင်းပန်းမှန်သမျှ
ဖျောက်ဖျက်ချင်တဲ့ တို့အမျိုးသမီးများရဲ့ဆန္ဒ
ထွန်းလင်းတောက်ပ အနာဂတ်လှမဲ့
မျှော်လင့်ခြင်းရောင်နီတဲ့လား-----
မိသာင်အဲာဆာန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment