Tuesday, July 19, 2011

ခရီးကြမ်းနှင်ခဲ့ပြီး

မြေရေခြားလည်း တပါးပြည်နိုင်ငံသို့
သူလိုငါလို နေရလေအောင်
လောဘစိတ်ကြောင့် ထက်သန်စွာဖြင့်
အရှိန်အဟုန်နဲ့ ခရီးနှင်ခဲ့၏
မေမေ၏စကား နာဝယ်မထား၍
ခရီးအစိုက်မှာတော့
ငရဲဘုံနှယ် မှောင်မိုက်သောည
ဘ၀နဲ့ ရင်းကာ
သမီးထိုက်နဲ့ သမီးကံ
ရှိပါစေတော့လည်း
အမေ့ကိုတွေ့ချင်လှပြီး အမေရယ်။


နန်းပြန်

No comments:

Post a Comment

Powered by FBI